ဤဆေးရုံအကြောင်း
MedPark ဆေးရုံကို နယ်ပယ်အသီးသီးမှ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သော ပညာရှင်များနှင့် Mahaichai Hospital Public Company Limited တို့ ပူးပေါင်း၍ တည်ထောင်ခဲ့ပါသည်။ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် နှစ် 30 ကျော်အတွေ့အကြုံရှိသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အမှုဆောင်အဖွဲ့များအောက်တွင် လည်ပတ်နေသည်။
MedPark ဆေးရုံသည် လူနာကုသမှုနှင့် စောင့်ရှောက်မှုကို မြှင့်တင်ရန်၊ အရေးကြီးသော လူနာများအား ပြုစုပျိုးထောင် ရန်၊ ခက်ခဲရှုပ်ထွေးသော ရောဂါကုသမှုအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် quaternary care အဖြစ် ဆောင်ရွက်နိုင်ရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အသိပညာကို စဉ်ဆက်မပြတ်တိုးတက်စေရန် ပညာရေးနှင့် သုတေသနကို ပံ့ပိုးပေးပါသည်။
MedPark ဆေးရုံသည် ဘန်ကောက်မြို့ အချက်အခြာကျသည့် Rama IV လမ်းမကြီးပေါ်တွင်တည်ရှိသည်။ ၎င်းသည် 90,000 စတုရန်းမီတာ ကျယ်ဝန်းပြီး အမြင့် 25 ထပ် ရှိသည်။ ဌါနပေါင်း30 ကျော်မှ ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းထားသည်။ ဆေးရုံသည် ပြင်ပလူနာ စစ်ဆေးခန်း ၃၀၀ တွင် ဝန်ဆောင်မှုပေးနိုင်ပြီး အထူးကြပ်မတ်ကုသဆောင် ကုတင် ၁၃၀ အပါအဝင် အတွင်းလူနာ ၅၅၀ ဦးဆံ့ဆေးရုံဖြစ်သည်။ PET-CT၊ MRI3 Tesla၊ SPECT-CT၊ အနုမြူကုသခြင်း Nuclear Medicine၊ Radiation Therapy (LINAC machine) နှင့် Hybrid Operating Theatre စသည့် နောက်ဆုံးပေါ် စက်ကိရိယာများနှင့် ကုသပေးလျက်ရှိသည်။
MedPark hospital တွင်ရှိသည့်ဌာနများ
- နှလုံးကုသဌာန - အထူးကြပ်မတ်ကုသဌာန - သွားနှင့်ခံတွင်းဌာန - ဆံပင်၊ အလှအပနှင့်အရေပြားကုသဌာန - နား၊ နှာခေါင်းနှင့်လည်ချောင်းဌာန - အရေးပေါ်ဌာန - ဟော်မုန်းဆိုင်ရာကုသဌာန - မျက်စိကုသဌာန - အသည်းနှင့် အစာအိမ်အူလမ်းကြောင်းဌာန - အသက်ကြီးပိုင်းဆိုင်ရာကုသဌာန - ဆံပင်ပြန်လည်သန်စွမ်းကုသဌာန - ကျန်းမာရေးစစ်ဆေး check up ဌာန - ကျောက်ကပ်ဆေးဌာန - ဓာတ်မှန်ဌာန - ကူးစပ်ရောဂါကုသဌာန - အထွေထွေရောဂါအထူးကုဌာန - ခွဲစိတ်ကုသဌာန - မှန်ပျောင်းခွဲစိတ်ကုသဌာန - ကင်ဆာဆေးကုသဌာန - ကင်ဆာဓာတ်ရောင်ခြည်ကုသဌာန - ကျောက်ကပ်ဌာန - ဦးနှောက်နှင့်အာရုံကြောကုသဌာန - ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဌာန - သားဖွားနှင့်မီးယပ်ဌာန - နျူးကလီးယားဆေးကုဌာန - အရိုးဌာန - ကလေးအထူးကုဌာန - လေ့ကျင့်ခန်းနှင့်ပြန်လည်သန်စွမ်းရေးဌာန - အဆုတ်ဌာန - အဆစ်မြစ်ကုသဌာန - အိပ်စပ်ခြင်းဆိုင်ရာကုသဌာန - ကျောက်ကပ်ခွဲစိတ်ဌာန - ရင်သားဌာန - မေ့ဆေးဌာန - ဓာတ်မတည့်ခြင်းဆိုင်ရာကုသဌာန-ဖန်ပြွန်သန္ဓေဌာန
တည်နေရာ မြေပုံ
Medpark Hospital တွင် ကုသမှုခံယူရန် မေးမြန်းပါ
Viber မှတစ်ဆင့် မက်ဆေ့ချ်ပို့ပါ သို့မဟုတ် ဖုန်းခေါ်ဆိုပါ — မေးမြန်းခြင်းများ၊ ရက်ချိန်းများနှင့် ခရီးစဉ်အတွက် အကူအညီပေးနိုင်ပါသည်။
