အဓိကအကြောင်းအရာသို့ သွားရန်
Asia New Way
Yanhee Hospital
ဆေးရုံများ အားလုံး

Yanhee Hospital

တည်နေရာ: Bangkok, Thailand

ဤဆေးရုံအကြောင်း

YANHEE ကို စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်သော အကြောင်းရင်းများ

၁။ လူနာများကြားတွင် စိတ်ကျေနပ်မှုနှုန်း မြင့်မားခြင်း။ အောင်မြင်မှုကို ဘယ်သူကမှ ငြင်းလို့မရပါဘူး။ Yanhee ၏ နိုင်ငံတကာလူနာများ၏ 75% သည် ယခင်လူနာဟောင်းများ သို့မဟုတ် ယခင်လူနာများထံမှ နှုတ်ဖြင့် လွှဲပြောင်းပေးသူများဖြစ်သည်။ လူနာဟောင်းများ၏ ကျေနပ်ထောက်ခံချက်များသည် Yanhee ဆေးရုံ၏ကုသမှုကောင်းမွန်ကြောင်းကို သက်သေထူနေသည်။

၂။ အတွေ့အကြုံမြင့်မားသော အလှပြင်ခွဲစိတ်ဆရာဝန်များ ထိုင်းနိုင်ငံရှိ အကောင်းဆုံးဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများတွင် လေ့ကျင့်သင်ကြားထားသော ကျွန်ုပ်တို့၏ဆရာဝန်များသည် ဆွေးနွေးပွဲများ၊ သိပ္ပံဆိုင်ရာအစည်းအဝေးများ၊ ပြည်တွင်းပြည်ပ ဆွေးနွေးပွဲများတွင် ဆေးပညာကို စဉ်ဆက်မပြတ်လေ့လာသင်ကြားနေပါသည်။ ဆရာဝန်များသည် နှစ်ပေါင်းများစွာ လေ့ကျင့်မှုများနှင့် ထောင်ပေါင်းများစွာသော လူနာများကို ကုသပေးလျက်ရှိတယ့် ဝါရင့်အတွေ့အကြုံအရှိဆုံးသူများဖြစ်သည်။

၃။ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ အထူးပြုစင်တာ အလှအပ၊ အရေးပြားနှင့်ပက်သက်သည့်ကုသမှုများ၊ ပလက်စတစ်ဆာဂျရီ ခွဲစိတ်မှုများနှင့် အခြားကျန်းမာရေးနှင့်ပက်သက်သည့် ကုသမှုများကို တစ်နေရာတည်းတွင် ရရှိနိုင်သည့်ဆေးရုံဖြစ်သည်။

၄။ ပွင့်လင်းမြင်သာသောစျေးနှုန်းထားများ Yanhee ၏စျေးနှုန်းများသည် ဒေသတွင်းတွင် ဈေးအကြီးဆုံးမဟုတ်သလို ဈေးအသက်သာဆုံးလည်း မဟုတ်ပါ။ စျေးနှုန်သင့်တင့်ပြီး ပေးရတယ့်စျေးထက်တန့်သည့် ဝန်ဆောင်မှုနှင့် ကုသမှုကို ရရှိစေမှာပါ။ ပွင့်လင်းမြင်သာသောစျေးနှုန်းများဖော်ပြထားပြီး လျို့ဝှက်စျေးနှုန်းများလုံးဝမရှိပါ။

၅။ ပက်ကေ့ချ်စျေးနှုန်းအစီအစဉ်သည် နိုင်ငံခြားသားများအတွက် အကောင်းဆုံးနှင့် အဆင်ပြေဆုံးဖြစ်သည်။ Yanhee ၏ ကုသမှုပက်ကေ့ချ်စျေးနှုန်တွင် များသောအားဖြင့် ဆရာဝန်အခကြေးငွေ၊ ဆေးဝါးများ၊ အခန်းနေရာထိုင်ခင်း၊ သူနာပြုဝန်ဆောင်မှုများ၊ အစားအသောက်၊ ခွဲစိတ်ခန်းနှင့် အခြားအခကြေးငွေများ ပါဝင်ပြီး ဖြစ်ပါသည်။ အထူးသဖြင့် ဘတ်ဂျက်ဖြင့် ခရီးသွားသူများအတွက် အလွန်အဆင်ပြေပါသည်။

၆။ နွေးထွေးသောဆေးရုံဝန်ထမ်းများ နိုင်ငံခြားတိုင်းပြည်တွင် ခွဲစိတ်ကုသမှုခံယူနေသော လူနာများအတွက် အိမ်သဖွယ်ခံစားရစေမည့် နွေးထွေးသောဆေးရုံဝန်ထမ်းများနှင့် ဖွဲ့စည်းထားပါသည်။

၇။ အပိုအခကြေးငွေမပေးရသော စကားပြန်/ဘာသာပြန်ဝန်ဆောင်မှုများ Yanhee တွင် နိုင်ငံခြားလူနာများအသုံးများသော ဘာသာစကားအမျိုးမျိုးကို အသုံးပြု၍ အခမဲ့ ဘာသာပြန်ဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။

၈။ ကောင်တာနှင့် ဌာနတိုင်းတွင် အင်္ဂလိပ်စကားပြော ဝန်ထမ်းများထားရှိထားပါသည်။

၉။ အမြင့်ဆုံးစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးအတွက် စဉ်ဆက်မပြတ်လေ့လာခြင်း

2000 ခုနှစ်ကတည်းက ISO Accreditation, Thai Hospital Accreditation (HA) နှင့် US-based JCI Accreditation တို့ကိုရရှိထားတယ့်ဆေးရုံဖြစ်ပါသည်။

တည်နေရာ မြေပုံ

Yanhee Hospital တွင် ကုသမှုခံယူရန် မေးမြန်းပါ

Viber မှတစ်ဆင့် မက်ဆေ့ချ်ပို့ပါ သို့မဟုတ် ဖုန်းခေါ်ဆိုပါ — မေးမြန်းခြင်းများ၊ ရက်ချိန်းများနှင့် ခရီးစဉ်အတွက် အကူအညီပေးနိုင်ပါသည်။