အဓိကအကြောင်းအရာသို့ သွားရန်
Asia New Way
Bangpakok 9 Hospital
ဆေးရုံများ အားလုံး

Bangpakok 9 Hospital

တည်နေရာ: Bangkok, Thailand

ဤဆေးရုံအကြောင်း

နောက်ခံသမိုင်းကြောင်း

BPK ဆေးရုံအုပ်စုကို ဒေါက်တာ Chareong Chandrakamol နှင့် တွဲဖက်ပါမောက္ခ Pittaya Chandrakamol တို့မှ 1981ခုနှစ်တွင်  Bangpakok အထူးကုဆေးခန်းအမည်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ လူနာများအားလုံးကို အရည်အသွေးပြည့်မှီသော စောင့်ရှောက်မှုနှင့်၀န်ဆောင်မှုများပေးဆောင်ခြင်းဖြင့် အထူးကုဆေးခန်းသည် လူအများကြားတွင် ဂုဏ်သတင်းအလွန်ကြီးထွားလာပြီး ထပ်မံတိုးချဲ့တည်ဆောက်ရန်လိုအပ်လာခဲ့ပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် Bangpakok 1 ဆေးရုံကြီးအဖြစ် စတင်တည်ထောင်ခဲ့ကာ လူနာများအား ပြည့်စုံသော၀န်ဆောင်မှုများပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် အထူးကုဆရာ၀န်များအဖွဲ့၊ Dr.Chareong Chandrakamol နှင့် BPK ဆေးရုံအုပ်စု၏ အမှုဆောင်အဖွဲ့တို့သည် ၎င်းတို့၏ ဆေးရုံကွန်ရက်များကို ဘန်ကောက်မြို့နှင့်အနီးတစ်၀ိုက်ဒေသများတွင် ဆက်လက်တိုးချဲ့တည်ထောင်ခဲ့ကြပါသည်။

  1. Bangpakok 1 ဆေးရုံကြီး (1994 ခုနှစ်)
  2. Bangpakok 2 ဆေးရုံကြီး (1990 ခုနှစ်)
  3. Bangpakok 3 ဆေးရုံကြီး  (1996 ခုနှစ်)
  4. Bangpakok 8 နိုင်ငံတကာဆေးရုံကြီး  (2003 ခုနှစ်)
  5. Bangpakok 9 နိုင်ငံတကာဆေးရုံကြီး (2003 ခုနှစ်)
  6. Bangpakok ဆေးဖက်ဆိုင်ရာဆေးခန်း (1981 ခုနှစ်) တွင် အသီးသီးတည်ထောင်ခဲ့ပါသည်။
  7. Piyavate Hospital (BPK ဆေးရုံအုပ်စု၏လက်အောက်တွင် 2016 မှစတင်၍)
  8. Bangpakok 2 Rangsit (BPK ဆေးရုံအုပ်စု၏လက်အောက်တွင် 2016 မှစတင်၍)

Bangpakok 9 နိုင်ငံတကာဆေးရုံကြီးသည် ထိုင်းနိုင်ငံရှိ ထိပ်တန်းပုဂ္ဂလိက ဆေးရုံများအနက်မှတစ်ခုဖြစ်ပြီး BPK ဆေးရုံအုပ်စု၏လက်အောက်တွင်ရှိပါသည်။ ဤဆေးရုံကို Dr.Chareong Chadrakamol နှင့် တွဲဖက်ပါမောက္ခ Bidhya Chandrakamol တို့မှ 2003 ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ BPK 9 နိုင်ငံတကာဆေးရုံကြီးသည် နာမည်ကြီးကျောက်ဖယားမြစ်အနီး ဘန်ပကောက်ဧရိယာရှိ Rama 2 လမ်းမကြီးပေါ် တွင်တည်ရှိပြီး သုဝဏ္ဏဘူမိလေဆိပ်မှ မိနစ် ၃၀ ခန့်သာသွားရပါသည်။ အရည်အချင်းပြည့်၀ပြီး ကျွမ်းကျင်သောအထူးကုဆရာ၀န်များအဖွဲ့ ၊ နောက်ဆုံးပေါ်ဆေး၀ါးများ နှင့် ခေတ်မှီစက်ပစ္စည်းကိရိယာများတပ်ဆင်ထားပြီး  JCI (Joint Commission International) နှင့် HA (Hospital Accreditation) တို့မှ အသိအမှတ်ပြုခံထားရသော ကျွန်ုပ်တို့၏ BPK9 နိုင်ငံတကာဆေးရုံကြီးသည် ပြည်တွင်းပြည်ပရှိ လူနာများအား အဆင့်အတန်းမြင့်မားသော ဆေး၀ါးကုသမှုများပေးဆောင်ရန်အတွက်အသင့်ဖြစ်နေပါပြီ။

Bangpakok 9 Hospital တွင် ကုသမှုခံယူရန် မေးမြန်းပါ

Viber မှတစ်ဆင့် မက်ဆေ့ချ်ပို့ပါ သို့မဟုတ် ဖုန်းခေါ်ဆိုပါ — မေးမြန်းခြင်းများ၊ ရက်ချိန်းများနှင့် ခရီးစဉ်အတွက် အကူအညီပေးနိုင်ပါသည်။