အဓိကအကြောင်းအရာသို့ သွားရန်
Asia New Way
Thonburi Hospital
ဆေးရုံများ အားလုံး

Thonburi Hospital

တည်နေရာ: Bangkok, Thailand

ဤဆေးရုံအကြောင်း

ထွန်ဘူရီဆေးရုံ

ထွန်ဘူရီဆေးရုံသည် အရည်အသွေးမြင့် ဆေးကုသမှုနှင့် ခွဲစိတ်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာ ပံ့ပိုးပေးသော အဆင့်မြင့် စောင့်ရှောက်မှု ဆေးရုံတစ်ခုဖြစ်သည်။ မေလ 10 ရက် 1977 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ပြည်တွင်းနှင့် နိုင်ငံတကာတွင် အထူးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ဘန်ကောက်မြို့၏ အနောက်ဘက်ခြမ်းတွင် တည်ရှိရျ် တစ်နိုင်ငံလုံးတွင် ဆေးရုံ ၂၄ ရုံ ဖွင့်လစ်ထားပြီး ယခုအခါ ထိုင်းနိုင်ငံ၏ ယုံကြည်ရဆုံးသော ပုဂ္ဂလိက ဆေးရုံများထဲမှ တစ်ခုဖြစ်သည်။

Thonburi ဆေးရုံ၏မစ်ရှင်မှာ မြင့်မားသောကျင့်ဝတ်နှင့် ကုသမှု စံနှုန်းများဖြင့် လူနာများအား အဆင့်တန်းမြင့် စောင့်ရှောက်မှု ပေးဆောင်နိုင်ရေး ဖြစ်သည်။ ကျွန်ုပ်တို့၏ အရည်အသွေးမြင့် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော သမားတော် ၃၅၀ ကျော်၊ အဆင့်မြင့်ဆုံး နည်းပညာ၊ ဂရုစိုက်စောင့်ရှောက်မှုနှင့် ကြင်နာမှုတို့ဖြင့် Thonburi ဆေးရုံသည် လူနာတို့၏ ဘဝအရည်အသွေးကို ဖန်တီးရန် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါသည်။

Thonburi Hospital သည် ရောဂါအမျိုးအစားပေါင်းစုံကို ကုသနိုင်ပါတယ်။အတွင်းလူနာကုတင် ၄၃၅ ဆံ့ဆေးရုံဖြစ်ပြီး ဌာနပေါင်း၃၀ရှိပါသည်။ ကျွန်ုပ်တို့၏တန်ဖိုးရှိသောလူနာများ၏ယုံကြည်မှုနှင့် စိတ်ကျေနပ်မှုရရှိရန်အတွက် ကုသမှုနည်းပညာအဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

တည်နေရာ မြေပုံ

Thonburi Hospital တွင် ကုသမှုခံယူရန် မေးမြန်းပါ

Viber မှတစ်ဆင့် မက်ဆေ့ချ်ပို့ပါ သို့မဟုတ် ဖုန်းခေါ်ဆိုပါ — မေးမြန်းခြင်းများ၊ ရက်ချိန်းများနှင့် ခရီးစဉ်အတွက် အကူအညီပေးနိုင်ပါသည်။